What We Do

နိုင်ငံအတွင်း တရားဝင်နေထိုင်ကြသည့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များအား အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

Vision

နိုင်ငံအတွင်း မှီတင်းနေထိုင်သူများအားလုံးအား အချိန်/နေရာမရွေး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် သက်သေခံနိုင်သည့် Digital Platform တစ်ခုအဖြစ်ဆောင်ရွက်ပေးရန်၊


Mission

  • နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီအာ အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification) နံပါတ်ထုတ်ပေးရန်၊
  • e-Government စနစ်အား အထောက်အကူပြုမည့် National Database တည်ဆောက်၍ နိုင်ငံတော်လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အရေးပါသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား Digital စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊
  • UID နံပါတ်ထုတ်ပေးပြီးသူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများစွာနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်သည့် Smart Card ထုတ်ပေးနိုင်ရန်၊

What We Do

မြန်မာနိုင်ငံ၏ e-ID စနစ်အား အဆင့် (၅) ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပထမအဆင့်အနေဖြင့် Paper-based စနစ်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားများ၏ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်စသည့်ကိုယ်ရေးအချက်အလက်မှတ်တမ်းများအား Digital စနစ်ကိုကူးပြောင်းမှတ်တမ်းတင်သည့် Biographic Registration Process လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားများ၏ ဇီဝဆိုင်ရာအချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက်(၁၀)ချောင်းလက်ဗွေနှင့် မျက်စိသူငယ်အိမ်တို့ကို ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးသည့် Biometric Enrollment & Verification and UID Process လုပ်ငန်းစဉ်ဖြစ်ပါသည်။ တတိယအဆင့်အနေဖြင့် UID နံပါတ်ထုတ်ပြီးသူများအား စမတ်ကတ်ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကတ်အလွတ်များထုတ်လုပ်မည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ စတုတ္ထအဆင့်အနေဖြင့် ထုတ်လုပ်ထားသည့် ကတ်အလွတ်များထဲသို့ ကောက်ယူထားရှိပြီး ဖြစ်သည့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား ထည့်သွင်းသည့် Personalization and Activation Process လုပ်ငန်းစဉ်ဖြစ်ပါသည်။ ပဉ္စမအဆင့်အနေဖြင့် e-ID လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား Management and Control Process ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။